PHP Pagination
Posted: December 8, 2009 at 11:57 am | Tags: pagination, pagingကျွန်တော် Blog လုပ်ပြီး မရေးဖြစ်ဘူးဖြစ်နေတယ် ဗျ.. မအားတာနဲ့.. ရေးရမှာပျင်းတာနဲ့
အခုတော့ ကျွန်တော် ရေးပြီဗျာ .. အပြီအပြင် … PHP Beginner Tip လေးတွေ ပေါ့ဗျာ … အခုမှ စလေ့လာတဲ့လူတွေကို အထောက်အကူဖြစ်အောင်လို့ပါ …..
အခု ရေးမည့် အကြောင်းကတော့ PHP သမားတွေ တော်တော်များများ ပြဿနာတက်တတ်တဲ့ pagination ပေါ့ဗျာ Record တွေ တအားများလာတဲ့ အခါကြရင် page လေးတွေခွဲခြင်ကြတာ လူတိုင်းပါပဲ .. .NET သမားတွေက အဲဒီပြဿနာကင်းတယ်ဗျ .. .NET မှာ က Component ပါပြီးသား ဆွဲထည့်လိုက်ရင် ပြီး ပြီ … php ကျတော့ မရဘူး .. အကုန်ရေးရတာ .. အဲဒီအခါကြတော့ Google မှာ ရှာလိုက်ရင်တွေ့လေ့ရှိတာက page ကို ဒီလိုမျိုးလေးတွေဗျ .. albums.php?start=20 ဘာညာပေါ့ဗျာ ..
အဲဒါ ကို ကြည့်မယ်ဆိုရင် သူ က MySQL မှာ Record ဘယ်လောက် က စပါ ဘာညာပေါ့ .. အဲဒီလိုမျိုး ကျွန်တော် က မကြိုက်ဘူးဗျ ကျွန်တော် က ဘယ်လိုကြိုက်လဲဆိုတော့ ဥပမာ albums.php?page=1 စသည်ဖြင့်ပေါ့ .. အဲဒီမှာ Google မှာ ထပ်ရှာသည်ပေါ့ဗျာ .. တွေ့တော့တွေ့တယ် .. ဘာကွိုင်တက်ပြန်လဲဆိုတော့ .. page တွေက အောက်မှာ 1 2 3 4 စသည်ဖြင့် သွားပေါ်တယ် …
ဒါပေမယ့် page 300 ဆို 300 လုံး သွားပေါ်တယ် ဗျာ ခက်တာက အဲဒီတော့ ကျွန်တော် က ဘယ်လိုလုပ်ချင်ပြန်သလဲဆိုတော့ Wordpress လိုပေါ့ဗျာ << Prev 1 2 3 … 333 334 Next >> အဲဒီလိုလေး ဗျ လုပ်ချင်တာ .. ကျွန်တော် ရှာရင်း နဲ့ သွားတွေ့တယ်ဗျ .. Source Code လေးတွေ .. Stranger Studio မှာ ဗျ.. သူ့ code တွေက တော်တော်များတယ် .. ရှုပ်လဲ နဲနဲ ရှုပ်တယ်ဗျ ..
ဘယ်လိုရှုပ်တာလဲဆိုတော့ .. ဥပမာ ကိုယ်ထည့်ချင်တာ က Page တခုတည်း file တဖိုင်တည်းဆို ရင် ပြဿနာမဟုတ်ဘူးဗျ … ၄ ၊ ၅ ဖိုင်မှာ ထည့်ချင်တယ်ဆို အဲဒါတွေ အကုန် လိုက်ထည့်ရမှာ မစားသာဘူး .. အဲဒီတော့ ကျွန်တော် က ပြန်ပြင်လိုက်တယ် .. Class လေး တခုပုံစံ .. ဖိုင် ကို include လုပ်ပြီးခေါ်သုံးရုံပဲ .. PHP သမားတွေ အတွက် ပြန်ပြီး Share ပေးလိုက်ပါတယ် .. ကျွန်တော် myanmarsongs.net မှာ သုံးထားတာလေး ကို ပြန်လည် Share ပေးလိုက်ခြင်းဖြစ်ပါတယ် ..
သုံးပုံသုံးနည်းက :
require_once('pagination.php');
$sql = 'SELECT * FROM contact';
$page_name = "page.php";
// pagination($query, $adjacents, $row_per_page, $page_name)
$pager = new pagination($sql,3,20,$page_name );
$rs = $pager->paginate();
while($each = mysql_fetch_assoc($rs))
{
// Your Loop Here
echo $each[name];
}
// Pages Navagation
echo $pager->pages();
သူ့ကို ပုံဖော်ပေးတဲ့ Style က ..
div.pagination {
padding: 3px;
margin: 3px;
}
div.pagination a {
padding: 2px 5px 2px 5px;
margin: 2px;
border: 1px solid #AAAADD;
text-decoration: none; /* no underline */
color: #000099;
}
div.pagination a:hover, div.pagination a:active {
border: 1px solid #000099;
color: #000;
}
div.pagination span.current {
padding: 2px 5px 2px 5px;
margin: 2px;
border: 1px solid #000099;
font-weight: bold;
background-color: #000099;
color: #FFF;
}
div.pagination span.disabled {
padding: 2px 5px 2px 5px;
margin: 2px;
border: 1px solid #EEE;
color: #DDD;
}
ဒါပါပဲ .. အဲဒါလေး ရေးပေးရုံနဲ့ Paging လေး ရပါပြီ … အဲ .. လင့်က ဘယ်လိုပုံစံလဲဆိုတော့ ကျွန်တော်လိုချင်တဲ့ ပုံစံမျိုးပါပဲ pagename.php?page= ပေါ့ .. အဲ .htaccess နဲ့ သုံးချင်တယ်ဆိုရင် ၊ pagename/page/1 ပုံစံပေါ့ဗျာ ..
အဲဒီလိုသုံးချင်တယ်ဆိုရင် …
အပေါ်က page_name နေရာမှာ
$page_name = "http://www.yourdomain.com/pagename/page";
လေးထည့်ပြီး pagination.php ဖိုင်ထဲမှာ “?page=” ကိုရှာပြီး “/” လေးနဲ့ အစားထိုးပေးလိုက်ရင် ရပါပြီ …