Introduction To PHP
Posted: December 28, 2009 at 12:05 pm | Tags: tutorialPHP ကို ကျွန်တော် စသိတာ 2004 လောက်ကမှပါ … ဘယ်အချိန် စပေါ်တယ်ဆိုတာတော့ မလေ့လာထားတော့ မသိဘူး … အဲဒီတုန်းက ကျွန်တော်သိတာ Web နဲ့ ပါတ်သတ်လို့ HTML , Coldfusion . အဲဒီအချိန်မှာ တစ်ချို့ဆိုဒ်တွေမှာ တွေ့တွေ့ နေတာ File Extention .php3 . ကျွန်တော် တော်တော် စိတ်ဝင်စားသွားတယ် . Right Click နှိပ်ပြီး Source ခေါ်ကြည့်လိုက်တော့ HTML တွေပဲ. တစ်မျိုးပါလားပေါ့. အဲဒီတုန်းက အင်တာနက် မသုံးတတ်သေးဘူး. Google ဆိုတာကို သိတယ် မသုံးတတ် မရှာတတ်သေးဘူး. လေ့လာချင်တာ လေ့လာလို့ မရတဲ့ဘဝ. ဒီအတိုင်း ပဲ ရင်နာနာနဲ့မေ့ပစ်ခဲ့တယ် ..
ကျွန်တော် Programming အကြောင်းနဲနဲပြောချင်တယ် . ကျွန်တော်က အင်မတန်တော်တဲ့ Programmer မဟုတ်သေးပါဘူး . အဲဒီတုန်းက ကျွန်တော်စသင်တဲ့ Programming Language က Visual Basic (VB). VB နောက်မှ Java , Turbo C, C++ တို့ကို သင်ရတယ် ကျွမ်းကျွမ်းကျင်ကျင် မတတ်ခဲ့ဘူး … ဘာလို့လဲဆိုတော့ .. အင်မတန် လွယ်တဲ့ VB ကို အရင် သင်ခဲ့ရလို့ပဲ . Programming က တစ်ခုတတ်ရင် အကုန်တတ်တယ်လို့ ဆိုလို့ရတယ်ဗျ. သဘောသဘာဝက အတူတူပဲ . Syntax ရေးပုံရေးနည်းပဲကွဲတယ် . Programming မှာ Variable, Array, Loop, Condition စစ်တာ တွေသိရင် သင်ဟာ Programmer တစ်ယောက်ဖြစ်ပြီလို့ သင့်ကိုယ်သင် ကြွေးကျော်လို့ ရပါပြီ .. ဘာလို့လဲဆိုတော့ .. အဲဒါတွေက အသုံးအများဆုံး နဲ့ အဓိက အကျဆုံး အခြေခံအကျဆုံး တွေဖြစ်လို့ပါပဲ .
ကျွန်တော် PHP တတ်တာ သိပ်မကြာသေးပါဘူး . ၃ နှစ်လောက်ပဲ ရှိပါသေးတယ် . ကျွန်တော် ထိုင်းကိုရောက်တော့ PHP ပိုးပြန်ထလာတယ် .. အင်တာနက်လေး ကောင်းကောင်း သုံးတတ်ခါစပေါ့ .. အဲဒီအချိန်မှာ ကျွန်တော်က HTML ကို တော်တော်ကျွမ်းကျွမ်းကျင်ကျင် တတ်တယ်ပေါ့ဗျာ . အဲဒီမှာ အကိုကြီးတစ်ရောက်ကို မေးတယ် .. သူက PHP တတ်တယ်ဆိုတာကိုး .. သူက ထိုင်းကမဟုတ်ဘူး . Online မှာ ခင်တာပါ . ကျွန်တော် PHP စလေ့လာချင်တယ် .. ဘာတွေလိုမလဲ စက်ထဲမှာ . ဆိုတော့ . သူက ဖြေတယ် .. သူများတွေတော့ မသိဘူး ငါကတော့ Joomla သုံးတယ်တဲ့ .. ကျွန်တော် က ဘာမှမသိတော့ ဟုတ်ကဲ့ပေါ့ … နောက်ပိုင်းမှသိတယ် Joomla ဆိုတာ PHP နဲ့ ရေးထားတဲ့ Content Management System (CMS) တစ်ခုပါပဲ .. ကျွန်တော့ လိုမသိတဲ့လူတွေအတွက် ကျွန်တော် အခုတစ်ခါတည်းပြောလိုက်ပါ့မယ် .. PHP စတင်လေ့လာချင်ရင် စက်ထဲမှာ ( Localhost ) မှာ Run နိုင်ဖို့ .. Apache Web Server ရယ် PHP ရယ်လိုပါတယ် .. အဲဒါတွေအကုန် Free ပါ . Dynamic Website တွေ လုပ်ချင်တယ်ဆိုရင်တော့ Database Server လိုပါတယ် PHP နဲ့တွဲသုံးလေ့ရှိတာကတော့ MySQL ပါ .. သူလဲ Free ပါပဲ . အဲဒါတွေတစ်ခုခြင်း Download လုပ်ပြီး သွင်းနေ ချိတ်နေရတာတွေ အလုပ်ရှုပ်တယ်ထင်ရင်တော့ . အကုန်လုံးပေါင်းပြီး ပါပြီးသား Software တွေရှိပါတယ် . Xampp, Wamp တို့ပဲဖြစ်ပါတယ် .. ကျွန်တော်ကတော့ Xampp သုံးပါတယ်. အဲဒါတွေကို သွင်းပြီးရင်တော့ PHP Script တွေစရေးပြီး Browser ပေါ်မှာ http://localhost/ လို့ခေါ်ပြီး Run ကြည့်လို့ရပါပြီ .
PHP ဟာ အရမ်း Powerful ဖြစ်တဲ့ Programming Language လို့ ပြောရမှာဖြစ်ပါတယ် .. တစ်ခြား ASP.NET တော့ ကောင်းကောင်းမရေးဘူးတော့ မသိပါဘူး .. PHP နဲ့ Audio, Video တွေကို Convert လုပ်လို့ရပါတယ်။ Image Editing ( Resize, Crop, etc … ) , Text ကို Image အနေနဲ့ Create လုပ်လို့ရသလို . Image တွေကို ပေါင်းစည်းခြင်း . Flash ဆိုရင် swf ထုတ်ခြင်း Effect တွေထည့်ခြင်း စသည့် output များထုတ်လို့ရတဲ့ အထိ စွမ်းဆောင်နိုင်ပါတယ် .