Add

Basic Knowledge of PHP


PHP ကို လေ့လာခြင်တယ်ဆိုရင်တော့ HTML ကို ကျွမ်းကျင်စွာ တတ်မြောက်ထားဖို့လိုပါတယ် .. ဘာဖြစ်လို့လဲဆိုတော့ Web ဖြစ်လို့ပါပဲ .. Web ရဲ့ အစက HTML ပါ. အခြေခံအကျဆုံးဖြစ်တဲ့ HTML Tag တွေ ကို သိထားဖို့လိုအပ်ပါတယ် .

PHP ကို ဘာနဲ့ ရေးမလဲ လို့မေးရင် Notepad နဲ့တောင်ရေးလို့ရပါတယ်။ မည်သည့် Text Editor နဲ့မဆို ရေးလို့ရပါတယ်. ဒါပေမယ့် ကျွန်တော်ကတော့ Adobe Dreamweaver ကိုသုံးပါတယ်. PHP စရေးတော့မယ်ဆိုရင်တော့။ သူ့ရဲသင်္ကေတဖြစ်တဲ့ <?php ?> အတွင်းမှာ php code တွေ ရေးရမှာဖြစ်ပါတယ်။ အတိုကောက် <?     ?> လဲရေးလို့ရပါတယ် .. <?php    ?> နဲ့ရေးတာအကောင်းဆုံးပါပဲ .. ဘာဖြစ်လို့လဲဆိုတော့ တချို့ PHP Version တွေက နားမလည်လို့ပဲဖြစ်ပါတယ် .


<?php

Your PHP Codes write here.

?>

အစပိုင်းက ကျွန်တော် ပြောခဲ့တဲ့ HTML ကို ကောင်းကောင်း တတ်ကျွမ်းထားဖို့ လိုအပ်တယ်ဆိုတာ ဘာဖြစ်လို့လဲဆိုတော့. HTML နဲ့ PHP ရောပြီးရေးရလို့ပါပဲ .. ညှပ်ပြီးရေးလို့ရပါတယ် .. HTML Tag တွေကြားမှာ PHP ညှပ်ရေးလို့ရပါတယ် ..

ဥပမာ ..


<b> <?php echo "Hello"; ?> </b>

echo ဆိုတာ PHP မှာ စာသားကို ပြန်ရိုက်ထုတ်တာ .. ဒီစာကို ဖော်ပြပါဆိုတဲ့ ကုတ်ပါ. တစ်ခြား print() တို့ print_r() တို့လဲ ရှိပါသေးတယ်. သူ့နေရာနဲ့သူ သုံးပါတယ် သိခြင်ရင်တော့ google မှာပဲ ရှာလိုက်ကြပါ .

PHP Script ကို HTML <b> Tag ကြားမှာ ရေးထားတဲ့အတွက် .. Output က Hello ကို Bold လုပ်ပြီးထွက်လာမှာဖြစ်ပါတယ်. PHP Script တွေ ရေးသားရာမှာ တစ်ကြောင်းပြီးတိုင်း ; (semi-colon) ကို ထည့်ပေးဖို့ လိုအပ်ပါတယ် . သတိပြုရမည့်အချက်လဲဖြစ်ပါတယ် . semicolon ရဲ့ အဓိပ္ပါယ်ကတော့ .. ဒီ Script ဒီမှာတင်ဆုံးပြီ လို့ System ကိုသိအောင် ပြောခြင်းပဲဖြစ်ပါတယ် . အပေါ်မှာပေးထားတဲ့ဥပမာမှာဆိုလျှင် echo ဆိုတဲ့ script ဒီမှာ တင်ဆုံးပြီးလို့ပြောလိုက်ခြင်းပါ. PHP မှာ Error အတက်အများဆုံးက အဲဒီ semi-colon ပဲဖြစ်ပါတယ်

No comments yet.

Respond

get in on the action.

* Required