0

iPhone Toggle Switches


Elijah Miller ဆိုတဲ့ site မှာ အလွန်ကောင်းမွန်တဲ့ JQuary Prototype တခုပေးထားပါတယ် တီထွင်သူက Thomas Reynolds ဆိုတဲ့သူ ဖြစ်ပါတယ် ။ မိမိတို့ရဲ့ Site တွေမှာ iPhone Setting မှာပါတဲ့ Switch လေးတွေပုံစံထည့်နိုင်ပါတယ် ။

ကောင်းတဲ့ အချက်တွေကတော့ …

  • switches တွေရဲ့ variable sizes တွေကို Automatic create လုပ်သွားခြင်း
  • Mouse နဲ့ ဆွဲဖွင့် ဆွဲပိတ် လုပ်နိုင်ခြင်း
  • Label တွေကို Slide Effect ထည့်နိုင်ခြင်း
  • iPhone Application တွေမှာလဲ ထည့်သွင်းရေးသားနိုင်ခြင်း တို့ဖြစ်ပါတယ်

iphone-like-checkbox

အသုံးပြုနည်း

ပုံမှန် Check Box ကို ပဲ ပြောင်းလဲ အသုံးပြုသွားခြင်းပါပဲ . JQuery ကို Disable လုပ်ထားတဲ့အချိန်မှာ သာမာန် Check Box Control အနေနဲ့ပဲပေါ်ပါလိမ့်မယ် ။

သူ့ကို အလုပ်လုပ်စေရန်အတွက် Check Box ရဲ့ ID နဲ့ ဖော်ပြလိုတဲ့တန်ဖိုး ထည့်သွင်းပေးလိုက်ရုံပါပဲ ။

new iPhoneStyle('#variable_size_a_b', { checkedLabel: 'A', uncheckedLabel: 'B' });